Foton International Trade ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကိုကားတွေတင်သွင်းတဲ့အခါမှာ မြန်မာနိုင်ငံရဲ့လမ်းပိုင်းနဲ့ ကိုက်ညီတဲ့ Foton ကားတွေကိုသာ ထုတ်လုပ် တင်သွင်းသွားမယ်လို့ သြဂုတ်လ(၃၀)ရက်က Sedona Hotel မှာ ပြုလုပ်တဲ့ Foton Motor မြန်မာ့မိတ်ဟောင်းမိတ်သစ် မိတ်ဆုံပွဲမှသိရပါတယ်။ Foton International Trade ကုမ္ပဏီဟာ (၁၉၉၆)ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာ အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကုမ္ပဏီမှာ အကြီးစား၊ အသေးစား၊ အလတ်စားကုန်တင်ယာဉ်တွေနဲ့ လူစီးယာဉ်များ၊ ခရီးသည်တင်ယာဉ်၊ အလှစီးယာဉ်အစရှိတာတွေကို ထုတ်လုပ်တင်ပို့ရောင်းချလျှက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုလည်း လမ်းပိုင်းနဲ့ ကိုက်ညီပြီး အကြမ်းခံ၊ စရိတ်သက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းစေတဲ့ ကားအမျိုးအစားတွေကို ရွေးချယ်တင်သွင်းသွားမယ်လို့ သိရပါတယ်။အခုပြုလုပ်တဲ့ Foton Motor မြန်မာ့မိတ်ဟောင်းမိတ်သစ်မိတ်ဆုံပွဲကို မြန်မာနိုင်ငံရှိ YBS ယာဉ်လိုင်းအသီးသီးမှတာဝန်ရှိသူများ၊ Foton ကားတွေကိုဝယ်ယူပြီးရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ Omni Focus ကုမ္ပဏီနဲ့ လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှတာဝန်ရှိသူတွေအပါအ၀င် ကားတင်သွင်းရောင်းချနေတဲ့ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အရောင်းကိုယ်စားလှယ်တွေ၊ ယာဉ်ပိုင်ရှင်တွေကိုလည်း  Foton ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြခဲ့ပါတယ်။Foton ကုမ္ပဏီအနေနဲ့ ကားသုံးစွဲသူတွေ အရောင်းကိုယ်စားလှယ်တွေကို ရန်ကုန်၊ မန္တလေး၊ ထားဝယ် စတဲ့မြို့တွေမှာ ကားပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကိုလည်း လာမယ့်စက်တင်ဘာလထဲမှာ လုပ်ဆောင်ပေးသွားမှာဖြစ်သလို ပညာပေးအစီအစဉ်တွေလည်း ကျင်းပပေးသွားမယ်လို့သိရပါတယ်။

 

 

Related News