တရုတ်နိုင်ငံ၊ “ဂွမ်ဒေါင်း”ပြည်နယ်မှာ  ရာသီဥတုမတည်ငြိမ်မှုတွေကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးခဲ့ပြီး နေရာတော် တော်များများမှာရေကြီးခဲ့ပါတယ်။ သြဂုတ်လ(၃၁)ရက်မှာ မိုးကြိုးမုန်တိုင်းဖြစ်နိုင်တယ်လို့လည်း မိုးလေ၀သစောင့်ကြည့်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။ သြဂုတ်လ(၃၁)ရက်မနက်ပိုင်းမှာ “တာကူလင်း”ပြည်နယ်က “ပင်ချီ”လမ်းမပေါ်ကို  ရေကျော်ခဲ့ပါတယ်။ မော်တော်ယာဉ်ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။ သြဂုတ်လ(၃၀)ရက်ညပိုင်းမှာ ရေကြီးခဲ့တာကြောင့် အိမ်မပြန်နိုင်ဖြစ်ခဲ့တယ် လို့ဒေသခံတွေကပြောပါတယ်။

ရေကျော်ခဲ့တဲ့လမ်းတွေပေါ်မှာသောင်တင်ခဲ့သူတွေကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက  ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ လေပြင်းတိုက်နေချိန်မှာ အမြင့်တွေမှာမနေကြဖို့ ဒေသခံတွေကိုသတိပေးနေပါတယ်။ အ ထပ်မြင့်အဆောက်အအုံတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးနေဖို့လည်း သတိပေးချက်မှာပါဝင်ပါတယ်။ အဝေးပြေးလမ်းတွေနဲ့ ခုံးကျော် တံတားတွေပေါ်ကနေ ကားမောင်းနေချိန်တွေမှာလည်း လေပြင်းတိုက်တာတွေကို သတိထားဖို့ ညွှန်ကြားထားပါတယ်။

 

 

Related News