အောက်တိုဘာလမှာ တက္ကသိုလ်ကျောင်းပေါင်းစုံ Clash of Robots ပြိုင်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာလ (၃)ရက်က MICT Park မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်ပွဲမှသိရပါတယ်။ အိကေခိုင်ဖြိုးကတင်ဆက်ပေးမှာဖြစ်ပါတယ်။Clash of Robots ပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPU)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ WYTU Science and Club တို့မှပူးပေါင်းပြီး  ပထမဆုံးအကြိမ်ပြုလုပ်မယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေရဲ့နည်းပညာဆန်းသစ်မှုတွေ ပိုမိုမြင့်မားလာစေဖို့ရည်ရွယ်ပြီး ဒီပွဲကိုပြုလုပ်တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ပေါင်းစုံက အသက်(၁၆)နှစ် မှ (၂၀)နှစ် ကြား ကျောင်းသားကျောင်းသူများမည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့သိရပါတယ်။

Clash of Robots ပြိုင်ပွဲကို ကျောင်းသားကျောင်းသူ (၃)ယောက်မှ (၅)ယောက်ပါဝင်တဲ့ အဖွဲ့ပေါင်း(၂၀) ယှဉ်ပြိုင်ကစားသွား ရမှာ ဖြစ်ပြီး၊ Sumo Fight ၊ အမှိုက်ကောက်နဲ့ Racing ဆိုပြီး ပြိုင်ပွဲအမျိုးအစား(၃)မျိုးနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင် Application Form တွေကိုဒီနေ့  စက်တင်ဘာလ(၃)ရက်က (၁၁)ရက်အထိ  Clash of Robots Facebook Page မှ စတင်ဖွင့်လှစ်တင်နေပြီလို့သိရပါတယ်။ s Clash of Robots ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၈)ရက် MICT Park (Conference Hall) မှာ မနက်(၉)နာရီမှ (၃)နာရီအထိကျင်းပသွားမှာဖြစ်ပြီး ဆုရရှိသွားတဲ့ ပြိုင်ပွဲဝင်တွေကို ငွေသားဆုတွေအပြင် ပညာသင်ဆုတွေကို လည်းချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News