စက်တင်ဘာလ(၅)ရက်ဒီနေ့မှာ မြောက်ကိုရီးယာနိုင်ငံကို တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့(၁)ဖွဲ့ထွက်ခွာခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးသဘောတူညီချက်ခိုင်မာဖို့ အရေးကြီးတဲ့အချိန်ရောက်နေတဲ့အတွက် မြောက် ကိုရီးယားနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ“မွန်ဂျဲအင်”ကပြောပါတယ်။

ကိုယ်စားလှယ် အဖွဲ့စေလွှတ်တာက (၂၀၁၈)ခုနှစ်အစောပိုင်းမှာကျင်းပခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံနဲ့ မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေး နွေးပွဲအပြီးမှာ ပြောင်းလဲလာတဲ့ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တာပါ။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ တောင်းဆိုချက်တွေကြားကွာခြားချက်တွေကိုဆက်သွယ်ပေးဖို့ တောင်ကိုရီးယားဘက်က လုပ်နေပေမဲ့ ဘယ်လိုအလုပ်လုပ်မလဲဆိုတာကတော့မရှင်းသေးဘူးလို့ တောင်ကိုရီးယားအစိုးရဘက်ကပြောပါတယ်။

မြောက်ကိုရီးယားဘက် ကအခြေအနေကိုမူတည်ပြီး ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားဘက်မှာ အချိန်ကြာနေနိုင်တယ်လို့လည်းသိရပါတယ်။ အ မေရိကန်နဲ့မြောက်ကိုရီးယားတို့က တောင်ကိုရီးယားရဲ့ကြားဝင်စေ့စပ်တာကိုလက်ခံမလားဆိုတာက မသေမချာဖြစ်နေပါတယ်။ အခြေအနေသစ်တွေကို တောင်ကိုရီးယားကကိုယ်တိုင်ဖန်တီးဖို့လိုတယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ညှိနှိုင်းရေးမှူးချုပ်“အင်ဂျုံ ဆွတ်”ကပြောပါတယ်။ ကိုရီးယား(၂)နိုင်ငံကြားဆက်ဆံရေးတိုးတက်လာတာက နျူကလီးယားကင်းစင်ရေးအတွက် လမ်းစတစ် ရပ်ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိ(၁)ဦးကပြောတယ်လို့ KBSသတင်းဌာနကဖော်ပြပါတယ်။

 

 

Related News