သက်စောင့်ကြယ်သီး လို့ခေါ်တဲ့ နည်းပညာသုံးစက်ပစ္စည်းမိတ်ဆက်ပွဲကို စက်တင်ဘာလ(၅)ရက်က UMFCCIမှာ မိတ်ဆက်ခဲ့ပါတယ်။သက်စောင့်ကြယ်သီး(Safety Buttom)ဆိုတာကတော့ ခေတ်မီနည်းပညာသုံး စက်ပစ္စည်းဖြစ်ပြီး အရေးပေါ် အန္တရာယ်ကျရောက်ချိန်တွေဖြစ်တဲ့ ဒုစရိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရချိန်မှာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အလွယ်တကူ အကူအညီတောင်းခံနိုင်တဲ့ ကိရိယာဖြစ်တယ်လို့ သိရပါတယ်။ သက်စောင့်ကြယ်သီး(Safety Buttom)က မိုဘိုင်းဖုန်း၊Bluetooth တို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး မော်တော်ကားများမှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နေချိန် ဒီ သက်စောင့်ကြယ်သီး(Safety Buttom) ကိုနှိပ်လိုက်ယုံနဲ့ နီးစပ်ရာရဲဌာနတွေက တာဝန်ကျရဲတွေက  မိမိရှိနေတဲ့နေရာကို အချိန်မီလာရောက်ပြီး အကူအညီပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။သက်စောင့်ကြယ်သီး(Safety Buttom) လို့ခေါ်တဲ့ နည်းပညာသုံးစက်ပစ္စည်းကို ကိုရီးယားနိုင်ငံက နည်းပညာရှင်တွေ နဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေက ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အနေနဲ့ ပူးပေါင်းထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားမှုနှုန်ူးများနေတဲ့ မှုခင်းဖြစ်စဉ်တွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီသက်စောင့်ကြယ်သီး(Safety Buttom) လို့ခေါ်တဲ့ နည်းပညာသုံးစက်ပစ္စည်းကို ထုတ်လုပ်ဖြစ်တယ်လို့ သိရပါတယ်။ဒီနည်းပညာကိုလာမဲ့ (၂)လအတွင်း မြန်မာနိုင်ငံမှာ စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပြီး သက်စောင့်ကြယ်သီး (Safety Buttom)တွေကို မြန်မာငွေ(၂၀၀၀)ကျပ်ဝန်းကျင်လောက် နဲ့သာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News