ရီးယဲယ်မက်ဒရစ်အသင်းရဲ့ဝေးလ် လက်ရွေးစင်တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ဟာ ဒီနှစ်ရာသီမှာ ကလပ်အသင်းနဲ့ ခြေစွမ်းပြနေသလို လက်ရွေးစင်အသင်းနဲ့ပါ သွင်းဂိုးတွေသွင်းယူနေပါတယ်။ ဂါရက်ဘေးလ်ဟာ ယခုနှစ်ရာသီ စီရော်နယ်ဒိုမရှိတော့တဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဦးဆောင်နေ သူဖြစ်ပြီး ယခုနှစ်ရာသီ ရီးယဲယ်မက်ဒရစ်အသင်းရဲ့ လာလီဂါပွဲစဉ်(၃)ပွဲစလုံးကို ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ သူဟာ စီရော်နယ်ဒိုခေတ်လွန်မှာ ရီးယဲယ်မက်ဒရစ်အသင်းကို ဦးဆောင်မယ့်သူလို့ တင်စားခံထားရသလို ထိုက် တန်တဲ့ခြေစွမ်းကိုပြသနေတာဖြစ်ပါတယ်။

ဘေးလ်ဟာ ယခုနှစ်ရာသီ လာလီဂါ(၃)ပွဲစလုံးကို ဂိုးသွင်းထားသလို ပြီးခဲ့တဲ့ဘောလုံးရာသီအပါအ၀င် ပါဝင်ကစားခဲ့တဲ့ လာလီဂါနောက်ဆုံး(၇)ပွဲစလုံးကို သွင်းဂိုးရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်ရာသီ(၃)ပွဲဖြစ်တဲ့ ဂီတာဖေးလ်၊ လီဂါနက်၊ ဂျီရိုနာ တို့နဲ့ပွဲစဉ်တွေမှာ အကာင်းဆုံးခြေစွမ်း ပြခဲ့ပြီး တိုက်စစ်မှူး ဘန်ဇီးမားနဲ့ တွဲဖက်ညီညီကစားခဲ့တာဖြစ်ပါတယ်။ သူဟာ ကလပ်အသင်းနဲ့ခြေစွမ်းပြနေသ လို UEFA Nation League ရဲ့ လိဂ်(B)အုပ်စု(၃)ရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာလည်း ဝေးလ်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပါတယ်။

ဂါရက်ဘေးလ်ဟာ ဝေးလ်အသင်းက အိုင်ယာ လန်အသင်းကို (၄)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာကိုယ်တိုင်(၁)ဂိုးသွင်းယူခဲ့သလို အသင်းဖော်တွေဂိုးသွင်းနိုင် အောင်လည်း ဖန်တီးပေးခဲ့ပါတယ်။ရီးယဲယ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလက တိုက်စစ်မှူး စီရော်နယ်ဒို ထွက်ခွာသွားခဲ့ပေမယ့် ကြယ်ပွင့်ကစားသမားတစ်ဦး အစားခေါ်ခဲ့ခြင်းမရှိပဲ ဂါရက်ဘေးလ်ကို ယုံယုံ ကြည်ကြည်နဲ့ ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

 

 

Related News