သဘာဝသစ်ခေါက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ သစ်ခေါက်ပန်းချီအနုပညာပြပွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ သီရိ Art Gallery မှာ စက်တင်ဘာလ(၉)ရက်က စတင်ပြသနေပါတယ်။ အခုပြသနေတဲ့သဘာဝသစ်ခေါက်ပန်းချီပြပွဲမှာ သစ်ခေါက်ပန်းချီပညာရှင် ဦးသန်းလှအောင် နဲ့ သမီး မေနှင်းအောင် တို့ဖန်တီးပြုလုပ်ထားတဲ့လက်ရာတွေကို ပြသထားတာဖြစ်ပါတယ်။ သစ်ခေါက်ပန်းချီပညာရှင်ကတော့ သစ်ခေါက်တွေမှာ ဖြစ်ပေါ်နေတဲ့ ပုံစံတွေကို တွေ့မြင်ရာကနေ အခုလိုသစ်ခေါက်ပန်းချီကားတွေကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သစ်ခေါက်တွေနဲ ဖန်တီးရတဲ့ပန်းချီပညာကို စိတ်ပါဝင်စားသူတွေလေ့လာနိုင်ဖို့ရည်ရွယ်ပြီး အခုပြပွဲကိုပြသတာဖြစ်တယ်လို့ သိရပါတယ်။အခုပြပွဲဟာ ဦးသန်းလှအောင်ရဲ့ ပထမဦးဆုးံ တစ်ကိုယ်တော်ပြပွဲဖြစ်ပြီး  မန္တလေးမြို့မှာပြုလုပ်တဲ့ World Wood Day မှာတော့ အခြားလုပ်ငန်းတွေနဲ့ တွဲဖက် ပြသခဲ့ကာ နိုင်ငံတကာက စိတ်ဝင်စားမှုတွေရ ရှိခဲ့တယ်လို့ သိရပါတယ်။  အခုပြသနေတဲ့ပြပွဲမှာ တော့ ပြည်တွင်းပြည်ပကထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံတွေ၊ သဘာဝရှုခင်းတွေနဲ့ေ တာရိုင်းတိရိစ္ဆာန်တွေရဲ့သဘာဝတွေကို ပုံဖေါ် ထားတဲ့ သစ်ခေါက်ပန်းချီကား(၆၀)ကျော်ကို ပြသပေးထားပါတယ်။ ပန်းချီကားတွေကို တန်ဖိုး မြန်မာကျပ်ငွေ ၅သောင်း မှ ကျပ် တစ်သိန်းဝန်းကျင်နဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။အခုပြသနေတဲ့ သစ်ခေါက်ပန်းချီပြပွဲကိုတော့ စက်တင်ဘာလ ၉ ရက်ကနေ ၁၁ရက်နေ့ထိ နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ၃ရက်ပြသပေးသွားမှာလို့ သိရပါတယ်။

 

 

Related News