ရန်ကုန်မြို့အတွင်းရှိ မြို့နယ်တစ်ချို့မှာ စက်တင်ဘာလ (၁၃)ရက်နဲ့ (၁၄)ရက်နှစ်ရက်ကြာ ရေပြတ်တောက်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းကို ရေပေးဝေလျှက်ရှိတဲ့ လှော်ကား (၆၆ “)ပိုင် ကွန်ကရစ်ပိုက်လိုင်းကြီး အစားထိုးလဲလှယ်မှု လုပ်ငန်းကို မရမ်းကုန်းမြို့နယ် ကျောက်တော်ကြီး ဘုရားအနီးမှာ လုပ်ဆောင်မှာဖြစ်တာကြောင့် ရေပြတ်တောက်မှာဖြစ်ပါတယ်။

ရေပြတ်တောက်မယ့် မြို့နယ်တွေက ရွှေပြည်သာ၊အင်းစိန်၊မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင် ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စတဲ့မြို့နယ်တွေမှာ စက်တင်ဘာလ (၁၃)ရက် နံနက် (၁၀)နာရီကနေ (၁၄)ရက် ည (၁၀) နာရီ အတွင်း ရေအားလျော့နည်းမှုနဲ့ ရေပြတ်တောက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ ရေပြတ်တောက်မယ့် ကာလတွေ အတွင်းမှာ ရေကြိုတင်စုဆောင်းနိုင်ရန်နဲ့ ရေလိုအပ်ချက်ရှိပါက ရေသယ်ယာဉ်များတောင်းခံပြီး ရေရယူနိုင်တယ်လို့  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

 

 

Related News