ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ယခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး၊ အခက်ခဲဆုံးအချိန်ကာလတွေကိုကျော်ဖြတ်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ဟာနိုင်ငံတကာပြိုင်ပွဲတွေအဖြစ် ဥရောပတိုက်ကအသင်းတွေအနေနဲ့ UEFA Nations League ပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြပြီး၊ အခြားသောတိုက်တွေအနေနဲ့ကတော့ ခြေစမ်းပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယခုတစ်ပတ်မှာတော့ ကလပ်အသင်းပြိုင်ပွဲတွေပြန်လည်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စပါးစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်ပါဝင်နေခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုနှစ်ရာသီမှာ မန်စီးတီးအသင်းထက်စောင့်ကြည့်ရမယ့် အသင်းအဖြစ် ရှိနေခဲ့ပြီး၊ ပွဲစဉ် (၄) ပွဲကစားထားရာမှာ (၄) ပွဲစလုံးကိုအနိုင်ရရှိကာ ရမှတ် (၁၂) မှတ်နဲ့အမှတ်ပေးဇယားကို ဦးဆောင်ထား ခဲ့ပါတယ်။ ဒါ့အပြင်အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း သွင်းဂိုး (၉) ဂိုးအထိရရှိထားခဲ့ပြီး၊ ပေးဂိုးကလည်း (၁) ဂိုးသာခွင့်ပြုပေးထားခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာပွဲစဉ်ဇယားအရ စက်တင်ဘာလနဲ့ အောက်တိုဘာလဟာ ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ် ခုကိုဖြတ်သန်းရမှာဖြစ်ပြီး၊ စက်တင်ဘာလရဲ့ခရီးကြမ်းအစဟာ စပါးစ်အသင်းနဲ့စတင်ရမှာ ဖြစ်ပါတယ်။

လီဗာပူး လ်အသင်းဟာ စပါးစ်အသင်းကိုအဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပြီး၊ စပါးစ်အသင်းပွဲစဉ်အပြီးမှာ ချန်ပီယံလိဂ်ပွဲစဉ် အဖြစ် ပီအက်စ်ဂျီ၊ ဆောက်သမ်တန်၊ ချယ်လ်ဆီး၊ နာပိုလီ၊ မန်စီးတီးအသင်းတို့နဲ့ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ ပြိုင်ပွဲ (၃) ခုအဖြစ် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားပြိုင်ပွဲတွေကိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်လီဗာပူးလ်အသင်းဟာ လာမယ့်စက်တင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန်ညနေ (၆) နာရီအချိန် မှာ စပါးစ်အသင်းနဲ့အဝေးကွင်းမှာစတင်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News