ယခုနှစ် US အိုးပင်းမှာ ဗိုလ်စွဲခဲ့တဲ့ ဆားဘီးယားတင်းနစ်အကျော်အမော်ဂျိုကိုဗစ်ဟာ US အိုးပင်းအပြီး တွက်ချက်ထားတဲ့ ဆုကြေးရရှိမှုအများဆုံးစာရင်းအရ တင်းနစ်ကစားသမားတွေထဲမှာ ဆုကြေးငွေအများဆုံးပိုင် ဆိုင်ထားတဲ့ ကစားသမားအဖြစ်ရပ်တည်နေပါတယ်။ဂျိုကိုဗစ်ဟာ ယခုနှစ် US အိုးပင်းမတိုင်ခင် တွက်ချက်ထားတဲ့ ဆုကြေးငွေရရှိမှုစာရင်းအရ ရော်ဂျာဖက် ဒါးရားကပေါင်(၉၀.၁)သန်းနဲ့ ဆုကြေးငွေအများဆုံးရတဲ့စာရင်းကိုဦးဆောင်နေပြီးဂျိုကိုဗစ်ကတော့ ပေါင်(၈၉.၂) သန်းနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဒါပေမဲ့ US အိုးပင်းမှာ ဂျိုကိုဗစ်က ဗိုလ်စွဲခဲ့တာကြောင့်ဆုကြေးငွေ ပေါင်(၂.၉၄)သန်းထပ်မံရရှိခဲ့ပြီး ရော်ဂျာဖက်ဒါးရားက စတုတ္ထအဆင့်မှာထွက်ခဲ့ရတာကြောင့်ဆုကြေး ပေါင်(၂) သိန်း၊(၅)ထောင်သာရရှိခဲ့ပါတယ်။

US အိုးပင်းအပြီးဆုကြေးငွေအများဆုံးရရှိမှုမှာတော့ ဂျိုကိုဗစ်က ပေါင်(၉၂.၂) သန်းနဲ့ ပထမနေရာမှာရပ်တည်နေပြီး ရော်ဂျာဖက်ဒါးရားကတော့ ပေါင်(၉၁.၁)သန်းနဲ့ဒုတိယနေရာ ကိုရောက်ရှိ သွားခဲ့ပါတယ်။တတိယနေရာမှာစပိန်နာမည်ကျော်ကစားသမား ရာဖေးလ်နာဒယ်ကပေါင် (၇၉.၈၉)သန်းနဲ့ရပ် တည်နေပြီး ဗြိတိန်မှ အန်ဒီမာရေးကတော့ ပေါင်(၄၇.၂၁)သန်းနဲ့စတုတ္ထနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဂရမ်းစလန်းဆုဖလားအောင်မြင်မှုမှာဆုကြေးငွေအများဆုံးဒုတိယနေရာမှာရှိတဲ့ရော်ဂျာ ဖက်ဒါးရား နဲ့ တတိယနေရာမှာရှိတဲ့ ရာဖေးလ်နာဒယ်တို့ထက် အကြိမ်အရေအတွက်နည်းပေမယ့် နောက်ပိုင်းနှစ်မှာ ပြိုင်ပွဲ တွေက ဆုကြေးငွေတွေဆက်တိုက်တိုးမြှင့်ခဲ့သလို သူကိုယ်တိုင်လည်း (၂၀၁၀)ခုနှစ်နောက်ပိုင်းမှာ ဆက်တိုက် အောင်မြင်မှုရခဲ့တာကြောင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

(၂၀၀၉)ခုနှစ်ဝန်းကျင်မှာဂရမ်းစလန်းပြိုင် ပွဲတစ်ခုမှာဗိုလ်စွဲမယ်ဆိုရင် ဆုကြေးငွေအမေရိကန်ဒေါ်လာ(၁.၂၈)သန်းဝန်းကျင်သာရရှိခဲ့ပေမယ့် ယနေ့ခေတ် မှာတော့ ဒေါ်လာ(၃.၁)သန်းထိရရှိမှာဖြစ်ပြီး ယနေ့ခေတ်မှာဗိုလ်စွဲတဲ့ကစားသမားတွေကဆုကြေးပိုမိုရရှိနေတာ ဖြစ်ပါတယ်။ရော်ဂျာဖက်ဒါးရားဟာဂရမ်းစလန်းဆုဖလားအကြိမ်(၂၀)ရထားပေမယ့် (၂၀၁၀) ခုနှစ်နောက်ပိုင်းမှာ (၅)ကြိမ်သာဗိုလ်စွဲနိုင်ခဲ့သလို(၁၇)ကြိမ်ရရှိထားတဲ့နာဒယ်ကလည်း (၂၀၁၀)ခုနှစ်နောက်ပိုင်း (၁၁)ကြိမ်သာဗိုလ် စွဲထားတာဖြစ်ပါတယ်။ ဂျိုကိုဗစ်ကတော့ ဂရမ်းစလန်းအောင်မြင်မှု(၁၄)ကြိမ်ရှိရာမှာ (၂၀၁၀) ခုနှစ်နောက်ပိုင်း (၁၃)ကြိမ်ထိဗိုလ်စွဲထားတာကြောင့် ဆုကြေးရရှိမှုမှာ ထိပ်ဆုံးနေရာကိုရောက်ရှိသွားတာဖြစ်ပါတယ်။

ဂျိုကိုဗစ် ဟာ ကွင်းတွင်းအောင်မြင်မှုရဲ့ဆုကြေးအရရော်ဂျာဖက်ဒါးရားထက်လွန်နေပေမယ့် စပွန်ကြေးအပါအ၀င် အထွေ ထွေဝင်ငွေမှာတော့ ဖက်ဒါးရားက စပွန်ဆာဝင်ငွေပေါင်(၄၃၁.၉)သန်းရရှိတာအပါအ၀င် စုစုပေါင်းပေါင်(၅၂၃) သန်းထိရှိနေတာဖြစ်ပါတယ်။ ဖက်ဒါးရားဟာ လက်ရှိမှာအသက်အရွယ်အရ အောင်မြင်မှုရဖို့ရုန်းကန်နေရပေ မယ့် စပွန်ဆာတွေကို အကောင်းဆုံးစွဲဆောင်နေဆဲဖြစ်ပြီး ဂျိုကိုဗစ်ကတော့ စပိန်ဆာဝင်ငွေ ပေါင်(၅၄.၈)သန်း သာရရှိနေသလို စုစုပေါင်းဝင်ငွေကလည်း ပေါင်(၁၄၇)သန်းသာရရှိထားပါတယ်။

 

 

Related News