တရုတ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၅) ကြိမ်မြောက်2018 World Cup ကမ္ဘာကျို့ခ်ရှင်း ကရာတေးပြိုင်ပွဲကို မြန်မာနိုင်ငံက မာဆူးရှီးမားမြန်မာကရာတေးသင်တန်းက ကစားသမား(၇)ဦး သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။2018 World Cup ကမ္ဘာကျို့ခ်ရှင်းကရာတေးပြိုင်ပွဲကို  နိုဝင်ဘာလ(၁၅)ရက်ကနေ (၂၀)ရက်ထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံကရာတေးအဖွဲ့ ချုပ်က ဖွင့်လှစ်ထားတဲ့ မာဆူးရှီးမားမြန်မာကရာတေးသင်တန်းက ကစားသမား အမျိုးသား (၆) ဦးနဲ့ အမျိုးသမီး (၁) ဦးတို့ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 


ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအမျိုးအစားတွေကတော့ အမျိုးသား ဟဲဗီးဝိတ်တန်း (၆၅)ကီလို၊ အမျိုးသား Opening (၇၀) ကီလိုတန်း၊ အမျိုးသား မစ်ဒယ်ဝိတ်တန်း (၇၀ ကီလိုတန်း နဲ့ ၈၀ ကီလိုတန်း) နဲ့ အမျိုးသမီး မစ်ဒယ်ဝိတ်တန်း (၅၀ ကီလိုတန်း နဲ့ ၆၂.၅ ကီလိုတန်း) တွေကိုဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေကို တစ်ပါတ်မှာ (၄)ရက် လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။2018 World Cup ကမ္ဘာကျို့ခ်ရှင်းကရာတေးပြိုင်ပွဲကို ဂျပန်၊ သြစတြေးလျ၊ ဆွစ်ဇလန်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ရုရှား၊စပိန်၊ အိန္ဒိယ၊ စတဲ့နိုင်ငံပေါင်း(၆၀)ကျော်က၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News