မန်ယူအသင်းရဲ့ချန်ပီယံလိဂ်ဦးစားပေးလူစာရင်းကနေချန်လှပ်ခံခဲ့ရတဲ့ လူငယ်တိုက်စစ်မှူးရက်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ခြေစွမ်းပြနေပြီး၊ မန်ယူအသင်းနည်းပြမော်ရင်ညိုရဲ့ အယုံအကြည်မရှိမှုတွေကို သွင်းဂိုးတွေနဲ့ သက်သေပြနေခဲ့ တယ်လို့ သိရပါတယ်။(၂၀၁၈-၁၉) ဘောလုံးရာသီမှာ ရက်ဖို့ဒ်ဟာပွဲစဉ် (၃) ပွဲမှာပါဝင်ကစားထားခဲ့ရပေမယ့်လည်း ပွဲထွက်ခွင့် (၁) ပွဲသာရရှိထား ခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ မန်ယူအသင်းမှာနည်းပြမော်ရင်ညိုရဲ့နေရာပေးမှုကိုရရှိခြင်းမရှိပဲ၊ လူ စားဝင်ကစားသမားအဖြစ်သာပါဝင် ကစားနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းအင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်အနေနဲ့ မန်ယူအသင်းမှာနေရာမရတဲ့ ရက်ဖို့ဒ်ကိုဦးစားပေးတိုက်စစ်မှူးအဖြစ်အသုံးပြုနေခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာနည်းပြဆောက်ဂိတ်ရဲ့နေရာပေးမှုကို တိုက်စစ်မှူးရက်ဖို့ဒ်ဟာလည်းအကောင်းဆုံးအသုံးချ နိုင်ခဲ့ပြီး၊ ပါဝင်ကစားခဲ့တဲ့ပွဲစဉ် (၂) ပွဲမှာသွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စပိန်အသင်းကို (၂) ဂိုး (၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက်ဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့သလို၊ ဆွစ်ဇာလန်အသင်းကို တစ်လုံးတည်းနဲ့အ နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက်သွင်းဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရက်ဖို့ဒ်အနေနဲ့ကတော့ အင်္ဂလန် အသင်းမှာတိုက်စစ်မှူးဟယ်ရီကိန်းတစ်ဦးတည်းသာ သွင်းဂိုးရရှိဖို့အတွက်မှီတည်နေရမှု အပေါ် နည်းပြဆောက် ဂိတ်ရဲ့ဖိအားတစ်ချို့တစ်ဝက်ကိုသွင်းဂိုးတွေနဲ့လျှော့ချပေးနိုင်ခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ (၂၀၁၅-၁၆) ဘောလုံးရာ သီက မန်ယူအသင်းကိုလူငယ်အကယ်ဒမီကနေရောက်ရှိလာခဲ့ပြီး၊ နည်းပြမော်ရင်ညိုရဲ့ဒုတိယရာသီမှာ နေရာ ပေးမှုကိုမရရှိတော့တာဖြစ်ပါတယ်။

သူဟာအသက် (၂၀) အရွယ်သာရှိသေးပြီး၊ လာမယ့်အနာဂတ်မှာထွန်း တောက်လာနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း နည်းပြမော်ရင်ညိုအနေနဲ့ အဆိုပါတိုက်စစ်မှူးလေးအ ပေါ်ယုံကြည်မှုကင်းမဲ့နေသေးတာ ဖြစ်ပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ ရက်ဖို့ဒ်ရဲ့မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရရှိမှုအပေါ်များစွာနားလည် ကြောင်း၊ အသက်အရွယ်အားဖြင့်ငယ်ရွယ်သေးတာကြောင့် အချိန် ကာလတစ်ခုကိုစောင့်ဆိုင်းသင့်ကြောင်းနဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချသင့် ကြောင်းမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ရက်ဖို့ဒ်ဟာ မန်ယူအသင်းအတွက်ပြိုင်ပွဲစုံ (၁၂၆) ပွဲပါဝင်ကစားထားရာမှာ သွင်းဂိုးပေါင်း (၃၂) ဂိုးသွင်း ယူထားနိုင်ခဲ့ပြီး၊ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပွဲစဉ်ပေါင်း (၂၇) ပွဲမှာ သွင်းဂိုး (၅) ဂိုးသွင်းယူထားနိုင်ခဲ့ပါ တယ်။

 

 

Related News