ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှ ဖာရာရီအသင်းရဲ့အရေးပါတဲ့ ကားမောင်းသမားတစ်ဦးအဖြစ်ရှိနေတဲ့ ရိုင်ကို နန်ဟာယခုနှစ် ဖော်မြူလာဝမ်းရာသီကုန်ဆုံးပါက အသင်းမှထွက်ခွာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ရိုင်ကိုနန်ဟာ ယခုနှစ်ရာသီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှ ဂရမ်းပရီ(၁၄)ခုပြီးဆုံးချိန်မှာ နာမည်ကြီးကား မောင်းသမားတွေဖြစ်တဲ့ ဟာမီတန်၊ ဗက်စ်တဲတို့ရဲ့နောက် အဆင့်(၃)နေရာမှာရှိနေသူဖြစ်ပြီး ဟာမီတန်က ရမှတ်(၂၅၆)မှတ်၊ ဗက်စ်တဲက ရမှတ်(၂၂၆)မှတ်နဲ့ ရိုင်ကိုနန်ဟာ ရမှတ်(၁၆၄)မှတ်နဲ့ရပ်တည်နေပါတယ်။

လက် ရှိမှာဥရောပမီဒီယာတွေရဲ့ဖော်ပြမှုအရ ရိုင်ကိုနန်ဟာ ယခုနှစ်ဖော်မြူလာဝမ်းပြိုင်ပွဲပြီးဆုံးပါက အသင်းမှထွက်ခွာ       တော့မှာဖြစ်တယ်လို့သိရပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုင်ကိုနန်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်  ကစားသမားဘ၀ကို (၂၀၀၁)ခုနှစ်မှာဆာဘာအသင်းနဲ့ စတင်ခဲ့သူဖြစ်ပြီး လက်ရှိမှာအသင်းဟောင်းဆာဘာကို (၂)နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွေ့မှာဖြစ်တယ်လို့ ကြောညာခဲ့ပါတယ်။ ရိုင်ကိုနန်ဟာ ဖာရာရီအသင်းမှာ (၂) ကြိမ်ပါဝင်ခဲ့သူဖြစ်ပြီး ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ ရက်ဒ်ဘူး၊ မက္ကလာရင်၊ ဖာရာရီစတဲ့ အသင်းတွေနဲ့ အတူအသင်း(၄)သင်းမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။သူဟာ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကိုတော့ ဖာရာရီ  အသင်းနဲ့အတူရယူခဲ့ပြီး (၂၀၀၇)ခုနှစ်ပြိုင်ပွဲမှာရရှိခဲ့ပါတယ်။

ရိုင်ကိုနန်ဟာ အဆိုပါနှစ်မှာ ချန်ပီယံဆုရရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ယခုနှစ်အပါအ၀င် ဖာရာရီအသင်းနဲ့ပါဝင်ကစားခဲ့တဲ့ နောက်ဆုံး(၄)နှစ်မှာအောင်မြင်မှုနဲ့ဝေးကွာခဲ့ရပါတယ်။ဖာရာရီအသင်းကတော့ ရိုင်ကိုနန်ရဲ့နေရာမှာ အသက် (၂၀)အရွယ်လူငယ်ကားမောင်းသမား ချားစ်လက်ခ်လာနဲ့ အစားထိုးမှာဖြစ်တယ်လို့လည်း ဥရောပမီဒီယာတွေ ကဖော်ပြနေပါတယ်။ယခုနှစ်(၂၀၁၈)ခုနှစ် အတွင်းမှာ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှ နာမည်ကြီးကစား သမားတွေရဲ့ အနားယူမှု၊ အသင်းပြောင်းရွေ့မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းက  မက္ကလာရင်အသင်းရဲ့ အဓိကကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုဟာ ရာသီကုန်မှာကစားသမားဘ၀မှ        အနားယူဖို့ကြေညာထားခဲ့ပါတယ်။

 

 

 

Related News